Admin Control Panel

New P | Settings | Change Layout | Edit HTML | All Post | Comments | Sign Out

Viber User Guide

Posted by Yzt |

Viber Application ကို မိမိဖုန်းထဲမှာ Install လုပ်ထားရင် Internet (3G or Wifi) ကို အသုံးပြုပြီးတော့ တကမ္ဘာလုံးမှာရှိတဲ့ Viber Install လုပ်ထားတဲ့ ဖုန်းတွေကို အခမဲ့ခေါ်လို့ရပါတယ်။
Viber Application ကို Android ဖုန်းတွေမှာ Install လုပ်ချင်ရင် Google Play Store မှာသွားရောက် Download လုပ်ယူပြီး Install လုပ်လို့ရပါတယ်။ မြန်မာနိုင်ငံမှာတော့ Google Play Store ကိုအသုံးပြုလို့မရဘူးလို့ ပြောတဲ့အတွက် Viber Application ကို
ဒီနေရာကနေ Download လုပ်ယူလိုက်ပါ။
Download လုပ်လို့ပြီးသွားရင်တော့ ဖုန်းကို Computer နဲ့ ချိတ်ပြီး Viber.apk ကို SD Card ထဲကို Copy ကူးထည့်လိုက်ပါ။ ပြီးရင်တော့ ဖုန်းကို Computer နဲ့ ချိတ်ထားရာကဖြုတ်လိုက်ပါ။
ဖုန်းထဲက File Manager ကိုဖွင့်ပြီး တော့ SD Card ထဲက Viber.apk ကိုနှိပ်လိုက်ပါ။ Install ကိုရွေး လိုက်ပါ။
Install လုပ်လို့ပြီးသွားရင် Viber Application ကိုဖွင့်လိုက်ပါ။ Viber application ကိုမဖွင့်ခင်မှာ ဖုန်းကနေပြီး Internet ကိုအသုံးပြုလို့ရအောင် 3G or Wifi ချိတ်ထားရမှာဖြစ်ပါတယ်။
Continue ကိုနှိပ်ပါ။
Myanmar ကိုရွေးပြီး မိမိဖုန်းနံပါတ်ကို ဖြည့်ပြီး Continue ကိုနှိပ်ပါ။

မိမိဖုန်းနံပါတ် မှန်မမှန်စစ်ဆေးပြီး Approve ကိုနှိပ်ပါ။

Viber ရဲ့ Activation Code ကို SMS ပြန်ပို့တဲ့ Service က မြန်မာနိုင်ငံ အတွက် အသင့်မဖြစ်သေးတဲ့ အတွက် မိနစ်အနည်းငယ်စောင့်ဆိုင်းရမှာဖြစ်ပါတယ်။

Activation Code SMS မရတဲ့အတွက် click here ကိုနှိပ်လိုက်ပါ။

Web Browser မှာ Viber Page ပွင့်လာပါလိမ့်မယ်။ အဲ့ဒီထဲက Get Code ကိုနှိပ်လိုက်ပါ။

အချိန်အနည်းငယ်အတွင်းမှာ Viber က ဖုန်းပြန်ခေါ်ပြီး Activation Code ကိုပြောမှာဖြစ်ပါတယ်။
ဖုန်းပြန်ခေါ်ပြီးရင် Viber ကိုပြန်ဖွင့်ပြီးတော့ Activation Code ကိုထည့်ပြီး Enter Viber ကိုနှိပ်လိုက်ပါ။

အဲ့ဒါဆိုရင်တော့ Viber Application ကို အသုံးပြုလို့ရပါပြီ။

Blogger Wordpress Gadgets